ဒုတိယဝန်ကြီး

ဒုတိယဝန်ကြီး မင်းဇေယျာဦး

မင်းဇေယျာဦးကို ၁၉၇၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ မွန်ပြည်နယ်၊ မုဒုံမြို့၌ မွေးဖွားခဲ့ပါသည်။ သူသည် ၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ.ရရှိခဲ့ပါသည်။ ထို့ပြင် စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှုပညာရပ်ဒီပလိုမာ၊ ပရော်ဖက်ရှင်နယ်စျေးကွက်စီးပွားရေးစီမံအုပ်ချုပ်မှုဒီပလိုမာ၊ လူသား အရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာ အသိမှတ်ပြုလက်မှတ်၊ အထူးဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ ပညာရပ် အသိအမှတ်ပြုလက်မှတ်နှင့် အဖွဲ့အစည်းဆိုင်ရာ ဦးဆောင်မှု ဖွံဖြိုးရေး အသိမှတ်ပြုလက်မှတ် ပညာရပ်တို့ကို လည်း ပြီးမြောက်အောင်မြင်ခဲ့ပါသည်။

သူသည် ၁၉၉၆ ခုနှစ် ကျောင်းသားများလှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီသို့ ဝင်ရောက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မွန်ပါတီများပူးပေါင်းပြီးနောက်တွင် မွန် အမျိုးသားပါတီသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်ပင် မွန်အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့၏ ဗဟိုစီမံ အုပ်ချုပ်ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံခဲ့ရပါသည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါသည်။

မင်းဇေယျာဦးသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီမှ နှုတ်ထွက်ပြီးနောက် ယနေ့အထိ မွန်အမျိုးသားကွန်ရက်တည်ထောင်သူ အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။