ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်

ဦးတင်ထွန်းနိုင်ကို ၃၀-၁-၁၉၇၁ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၌ မွေးဖွားခဲ့ပါသည်။ ဦးတင်ထွန်းနိုင်သည် မန္တလေးစက်မှုတက္ကသိုလ်မှ အီလက်ထရောနစ် အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ကို ထပ်မံ၍ ရရှိခဲ့ပါသည်။ 

ပုဂ္ဂလိက စီးပွားရေးနယ်ပယ်တွင် ဦးတင်ထွန်းနိုင်သည် ကိုယ်ပိုင်လုပ်ငန်း၌ အလုပ်အမှုဆောင် ဒါရိုက်တာ အဖြစ်လည်းကောင်း တာဝန်ယူလုပ်ကိုင်ခဲ့ဖူးပါသည်။ 

နိုင်ငံရေးနယ်ပယ်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံခဲ့ရပါသည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဦးတင်ထွန်းနိုင်အား အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါသည်။