ဝန်ကြီးဌာနဖွဲ့စည်းပုံ
ဝန်ကြီးဌာန၏ မူဝါဒများ
ပြည်တွင်းအခွန်များဦးစီးဌာန
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
ငွေတိုက်ဦးစီးဌာန
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန
ဝန်ကြီးဌာန၏ မူဝါဒများ
ဝန်ကြီးဌာန၏ မူဝါဒများ
- အာဏာသိမ်းစစ်ကောင်စီအား အကျိုးပြုစေရန် ရည်ရွယ်၍ စီးဝင်လာမည့် မည်သည့် ဘဏ္ဍာငွေကြေး အထောက်အပံ့ ကို မဆို တားဆီးပိတ်ပင်မှုများ ပြုလုပ်သွားရေး။
- ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့်အညီ ပေါ်ပေါက်လာမည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အသစ် တည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် ဘဏ္ဍာငွေများ ရရှိစေရေး။
ပြည်တွင်းအခွန်များဦးစီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
- ပြည်သူ့ဘဏ္ဍာ အခွန်ငွေများအား အကြမ်းဖက်စစ်ကောင်စီသို့ စီးဆင်းမှု မရှိစေရေး။
- ပြည်သူလူထု တစ်ရပ်လုံး၏ လိုလားတောင့်တချက်နှင့်အညီ ပေါ်ပေါက်လာမည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အသစ် တည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် အခွန်စနစ်ထားရှိရေး။
- ဖယ်ဒရယ် ပြည်ထောင်စု အစိုးရနှင့် ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင်ယူနစ်အကြား တိကျ၍ စည်းစနစ်ကျသော အခွန်ဘဏ္ဍာ ကောက်ခံသည့်စာရင်းကို ရှင်းလင်းစွာ ဥပဒေပြု ပြဌာန်းထားရှိရေး။
- ဖယ်ဒရယ် ပြည်ထောင်စုအခွန်ဘဏ္ဍာ ကောက်ခံသော ယန္တရားနှင့် ဖယ်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ယူနစ် အခွန်ဘဏ္ဍာကောက်ခံသော ယန္တရားတို့ သီးခြားစီထားရှိရေး။
- အခွန်ထမ်းပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေသော အခွန်စနစ်တစ်ရပ် ပေါ်ပေါက်လာရေး။
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
- အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးဌာနများ၏ အရ၊ အသုံး ခန့်မှန်းခြေစာရင်းများအား လျာထား ရေးဆွဲရေး နှင့် စိစစ်ရေး။
- တော်လှန်ရေးနှင့် လျော်ညီသော အသုံးစရိတ်များ ဖေါ်ထုတ်ရေးနှင့် စာရင်းဇယားများအား စိစစ် ကြီးကြပ်ထိန်းသိမ်းရေး။
- ဌာနဆိုင်ရာများအနေဖြင့် အခွန်အကောက်ရငွေများကို လျာထားချက်အတိုင်း အချိန်မီပြည့်မီအောင် ကောက်ခံနိုင်ရေးနှင့် အသုံးစရိတ်များ သုံးစွဲရာတွင် အလေအလွင့်မရှိစေရန် စနစ်တကျစိစစ်ပြီး အမှန်တကယ်လိုအပ်သည့် ကိစ္စရပ်များအတွက်သာ သုံးစွဲရေး။
- အမျိုးသားညီညွတ်ရေးအစိုးရ အောင်နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ ချေးငွေများ ရယူသုံးစွဲရာတွင် ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကို သေချာစွာစိစစ်ပြီးမှ ရယူသုံးစွဲရေးနှင့် ပြည်တွင်း/ ပြည်ပအကူညီရငွေများကို သုံးစွဲရာတွင် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိပြီး ထိရောက်သော အသုံးစရိတ် ဖြစ်စေရေး။
- ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများအား ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ်အား အဓိကထားသုံးစွဲရေးနှင့် CDM ဝန်ထမ်းများ၏ လစာ၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ၊ စစ်ဘေးရှောင်ဒုက္ခသည်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားသည့် အထောက်အပံ့များ ပေးအပ်နိုင်ရန် ဆောင်ရွက်ရေး။
- ပြည်သူ့ဘဏ္ဍာငွေ အခြေအနေကို ကြိုတင်သိရှိပြီး လိုငွေပေါ်ပေါက်လာပါက အချိန်မီဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောအစီအစဉ်များ ကြိုတင်ပြုလုပ်၍ လုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး။
ငွေတိုက်ဦးစီးဌာန
ငွေတိုက်ဦးစီးဌာန
- အစိုးရငွေတိုက်စာချုပ်၊ အစိုးရငွေတိုက်လက်မှတ်များအား အများပြည်သူသို့ ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ရေး။
- ပြည်ပချေးငွေများအား စနစ်တကျမှတ်တမ်းတင် ထိန်းသိမ်းပြုစုထားရှိရေး။
- ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ယူနစ်တို့၏ ဘဏ္ဍာရေးအစီရင်ခံစာအား ပြည်ထောင်စုဝန်ကြီးသို့ အစီရင်ခံတင်ပြရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ယူနစ်တို့အကြား ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းစေရန် ဆောင်ရွက်ရေး၊
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန
- အကြမ်းဖက်စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ/စီမံကိန်းများနှင့် ကုမ္ပဏီများ ကို တားဆီးရေး နှင့် အရေးယူနိုင်ရန် ဆောင်ရွက်နိုင်ရေး။
- ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အများပြည်သူ လက်ခံနိုင်သော လုပ်ငန်းများ ဖြစ်စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တိုင်းတွင် ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ရေးနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း သို့မဟုတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး။
- နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ တည်ဆောက်ရာတွင် ပြည်ပအထောက်အပံ့ အကူအညီများ နှင့် နည်းပညာအကူ အညီများ စုစည်းရရှိရေးအတွက် ဒေသတွင်းအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ၊ ပြည်ပနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး။
- မြန်မာနိုင်ငံနှင့် ဒေသတွင်း နှစ်နိုင်ငံ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံစုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး။
- ပြည်ပအကူအညီရငွေများအား စနစ်တကျမှတ်တမ်းတင် ထိန်းသိမ်းပြုစုထားရှိရေး။