CDM ဝန်ထမ်းများလစာပေးမှာဖြစ်သလို၊ စစ်ကောင်စီလက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ရပ်တန့်စေမယ်လို့ NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေရရှိမှုများကို ရပ်တန့်အောင် ကြိုးစားသွားမည်ဖြစ်သည့်အပြင်၊ CDM ဝန်ထမ်းများအား လစာပေးနိုင်ရန် ကြိုးစားနေကြောင်းကိုလည်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားခဲ့ပါသည်။

ဦးတင်ထွန်းနိုင်ကို RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လက်ရှိ ဘဏ်လုပ်ငန်းအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေနှင့် CDM အာဏာဖီဆန်ရေးလုပ်ဆောင်လျက်ရှိသည့် ဝန်ထမ်းအားလုံးကို လစာပေးနိုင်ရန် ကြိုးစားလျက်ရှိသည့် အခြေအနေများကို မေးမြန်းခဲ့ပါသည်။

Share
Share
Share
Scroll to Top