ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၏ ပြည်သူသို့ အသိပေးပြောကြားချက်

"အကြမ်းဖက်စစ်အုပ်စုဟာ အဖက်ဖက်က ချွတ်ခြုံကျနေပြီး အကြီးအကျယ်အကျပ်အတည်း ဆိုက်နေပြီ ဖြစ်ပါတယ်။ ပြည်သူနဲ့အတူလက်တွဲပြီး မိမိတို့ဝန်ကြီးဌာန ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ စီးပွားရေးနှင့် ဘဏ္ဍာရေးစစ်မျက်နှာမှာလည်း စစ်အုပ်စုဟာ မရှုမလှရှုံးနိမ့်ပြီး အထိနာလျက်ရှိပါတယ်။ အခုဆိုရင် အာဏာရှင်ယန္တရားကိုလည်ပတ်ဖို့ သူတို့လက်ထဲမှာ လုံလောက်တဲ့ပိုက်ဆံမရှိတော့ပါဘူး။ ဝင်‌ငွေရလမ်းတွေ အကုန်လုံးနီးပါးကလည်း ရပ်တန့်ကုန်ပါပြီ" ဟူ၍ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးကဏ္ဍရပ်တန့်ပြီး ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရပုံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားခဲ့ပါသည်။

Share
Share
Share
Scroll to Top