အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ရက် (၁၀၀) ပြည့် ကာလအတွင်း ဆောင်ရွက်ချက်များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များကို ပြည်သူသို့ အစီရင်ခံတင်ပြခြင်း

(က) ဝန်ကြီးဌာနမှ ပြုစုပေးပို့၍ ပြဌာန်းပြီးခဲ့သော ဥပဒေများ

(၁) ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂) ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ (အင်္ဂလိပ်၊ မြန်မာ)

(ခ) ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အမိန့်၊ ကြေညာစာများ

(၁) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခ ကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ် အားလုံးအတွက် ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်း။
အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခ ကျသင့်ငွေနှင့် အခြား ဝန်ဆောင်ခများ ကောက်ခံခြင်းကို သုံးစွဲမှုယူနစ်အားလုံးအတွက် ခေတ္တ ဆိုင်းငံ့ခြင်း။

(၂) မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ထုတ်ချေးထားသည့် ချေးငွေများ အရင်း/အတိုး ပြန်လည်ပေးဆပ်ရမည့်ကာလအား ၂၀၂၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ စ၍ အတိုးမဲ့၊ ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် ရွေ့ဆိုင်းခြင်း။

(၃) ၂၀၂၀ ပြည့်နှစ်၊ စိုက်ပျိုးစရိတ် မိုးချေးငွေ နောက်ဆုံးပြန်လည်ပေးဆပ်ရမည့်ရက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့အစား ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့အဖြစ် သက်တမ်းတိုးမြှင့် ပြင်ဆင် သတ်မှတ်ခြင်း။

(၄) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လစဉ်ထောက်ပံ့ချီးမြှင့်သော လူမှုရေးပင်စင်အား အချိန်မီပေးအပ်နိုင်ရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်သွားရန်ကိစ္စ။

(၅) ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများသို့ အထူးမေတ္တာရပ်ခံတိုက်တွန်းချက်။

(၆) နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို လစာ(၂)လစာ အတိုးမဲ့ ကြိုတင်ထုတ်ချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာချက်။

(၇) နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို လစာ(၂)လစာ အတိုးမဲ့ ကြိုတင်ထုတ်ချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း ထပ်မံ အသိပေး ထုတ်ပြန်ကြေညာချက်။

(၈) နိုင်ငံ့ဝန်ထမ်း ရွေးချယ်လေ့ကျင့် ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်း ထားကြောင်းကြေညာချက်။

(၉) တရားမဝင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ အကျိုးစီးပွားအတွက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီက ကျင်းပဆောင်ရွက်မည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသည် တရားမဝင်ကြောင်းနှင့် ပူးပေါင်းပါဝင် ရောင်းချ၊ ဝယ်ယူသည့် ကျောက်မျက် ရတနာလုပ်ငန်းရှင် များနှင့် ကုမ္ပဏီများအား အမည်ပျက်စာရင်း ( Black List ) တွင် ထည့်သွင်း သတ်မှတ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်။

(၁၀) ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများသို့ နောက်ဆုံးအကြိမ် အသိပေးအကြောင်းကြားခြင်း။ (အင်္ဂလိပ်၊မြန်မာ)

(၁၁) TOTAL ကုမ္ပဏီက မုတ္တမဓါတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက် ( MGTC ) ၏ အမြတ်ငွေ ခွဲဝေမှုအား ဆိုင်းငံ့လိုက်ကြောင်း ကြေညာခြင်းနှင့် စပ်လျဉ်း၍ သဘောထား မှတ်ချက် ထုတ်ပြန်ခြင်း။ (အင်္ဂလိပ်၊မြန်မာ)

(၁၂) ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စ၍ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှထုတ်ပြန်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းများအားလုံးအတွက် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ထုတ်ပြန်ခြင်း တို့ကို ရပ်ဆိုင်းထား ကြောင်း ကြေညာချက်။ (အင်္ဂလိပ်၊မြန်မာ)

(၁၃) အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် တရား၀င်ခြင်းမရှိသည့်အတွက် ယင်းအဖွဲ့အစည်းက အတည်ပြုလိုက်သော ရင်းနှီးမြုပ်နှံမှုများ၊ စီမံကိန်းများအား အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြု လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာချက်။ (အင်္ဂလိပ်၊မြန်မာ)

(၁၄) အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင်မြေနှင့် အဆောက်အဦနှင့် မြေကွက် (၂၃) ခုကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက် နေခြင်းသည် တရားဝင်မှု မရှိသောကြောင့် ဝယ်ယူခြင်း မပြုကြရန်နှင့် ဝယ်ယူထားသည့် မြေနှင့် အဆောက်အဦနှင့် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခြင်း။

(၁၅) အမျိုးသားညီညွတ်ရေး အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနအနေဖြင့် လက်ရှိရင်းနှီး မြှုပ်နှံထားသော (သို့မဟုတ်) ရင်းနှီးမြှုပ်နှံရန် စဉ်းစားပြင်ဆင်နေသော စီးပွားရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန် အလို့ငှာ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လမ်းညွှန်ချက်။ (အင်္ဂလိပ်၊မြန်မာ)

(ဂ) ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

(၁) အမေရိကန် အစိုးရက ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံပိုင် အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော် ပြန်လည်ရရှိရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်နေ ပါသည်။

2) The Ministry is attempting to open an official bank account of the NUG with some prestigious global banking institutions.

Share on facebook
Share
Share on twitter
Share
Share on linkedin
Share