အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေး​ကော်မရှင်အစည်းအဝေး (၆/၂၀၂၂ )

အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေး​ကော်မရှင်အစည်းအဝေး(၆/၂၀၂၂ ) ကျင်းပ ၆-၈-၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ ၊ဘဏ္ဍာရေး​ကော်မရှင်အစည်းအဝေး ၆/၂၀၂၂ ကို ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင် ဥက္ကဌ ယာယီသမ္မတကြီး ဒူဝါလရှီလ နှင့် ဒုဥက္ကဌ ဝန်ကြီးချုပ်ကြီး မန်းဝင်းခိုင်သန်း တို့က အသီးသီးအဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။

ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဝန်ကြီးဌာနများနှင့် ကော်မရှင်၊ ကော်မတီ အသီးသီးတို့မှ လျာထားဘတ်ဂျက် သုံးစွဲမှုအခြေအနေများ ထပ်တိုးဘတ်ဂျက် တင်ပြတောင်းခံမှုများနှင့် ရှေ့လုပ်ငန်းစဥ် အနေဖြင့် တော်လှန်ရေးအဆုံးသတ်နိုင်ရေးအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘဏ္ဍာရေး အစီအမံများဆောင်ရွက်ထားရှိမှု အခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြပြီးအစည်းအဝေးသို့ တက်ရောက်လာသော တာဝန်ရှိသူ ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်း၊လျာထားဘတ်ဂျက်များကို သုံးသပ်ခြင်း၊အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဥက္ကဌနှင့် ဒုဥက္ကဌ တို့က မှတ်ချက်များနှင့် နိဂုံးချုပ်အမှာစကားများပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန

Share on facebook
Share
Share on twitter
Share
Share on linkedin
Share