ပိုမိုကောင်းမွန်သော အစီအစဉ်များဖြင့် နွေဦးထီကို ပြန်လည်စတင်ခြင်း
- စက်တင်ဘာ 7, 2022
နွေဦးတော်လှန်ရေးကို နွေဦးထီနှင့်အတူ ပါဝင်ဆင်နွှဲနေသည့် မိဘပြည်သူများခင်ဗျား။
၁။ ချစ်ခင်လေးစားရပါသော မိဘပြည်သူများအနေနဲ့ "အောင်လံလွှင့်ချီ နွေဦးထီ"ကို စတင်ရောင်းချခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့မှစ၍ ယနေ့အထိ အခက်အခဲများကြားမှ တော်လှန်ရေးစိတ်ဓါတ်ဖြင့် အစွမ်းကုန်ပူးပေါင်း ဝယ်ယူကံစမ်းကြသည့်အတွက် တစ်ဦးချင်း၊ တစ်ယောက်ချင်းဆီကို အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၂။ မိဘပြည်သူများ၏ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေးသည် အဓိကဦးစားပေးဖြစ်သည့် အတွက် ကြုံတွေ့ရသည့်ဝန်ဆောင်မှုလိုအပ်ချက်များ၊ နည်းပညာပိုင်းဆိုင်ရာအတားအဆီးများနှင့် ပိုမိုကောင်းမွန်လုံခြုံသည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ၁-၅-၂၀၂၂ ရက်နေ့မှစ၍ နွေဦးထီ Messenger Chat Bot မှနွေဦးထီရောင်းချခြင်းလုပ်ငန်းစဉ်ကို ခေတ္တခဏ ရပ်ဆိုင်းခဲ့ပါသည်။
၃။ ယခုအခါ ကျွန်ုပ်တို့၏ နွေဦးထီ Messenger Chat Bot မှနွေဦးထီရောင်းချခြင်းလုပ်ငန်းစဉ်ကို ၇-၉-၂၀၂၂ ရက်နေ့မှစ၍ ပိုမိုကောင်းမွန်လုံခြုံသည့် ဝန်ဆောင်မှုနှင့်အတူ ပြန်လည်စတင်တော့မည် ဖြစ်ပြီး နွေဦးထီ၏ နိုင်ငံတကာကိုယ်စားလှယ်များရောင်းချသော ပြည်ပ Bulk Purchase စနစ်ကို ကိုယ်စားလှယ်များထပ်တိုး၍ ဝန်ဆောင်မှုပုံစံအသစ်နှင့် ပိုမိုကျယ်ပြန့်လွတ်လပ်သော အွန်လိုင်းငွေပေး ချေမှုပုံစံ (NUGPay) ဖြင့် လုံခြုံစိတ်ချမှုအပြည့်နှင့် မိဘပြည်သူများရှေ့မှောက် ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
၄။ ပြည်သူများ၏ ညီညွတ်မှုနှင့် တော်လှန်စိတ်သည် အောင်ပွဲမရမခြင်း မီးတောက်မီးလျှံကြားမှ ဇာမဏီငှက်၏ ထာဝရရှင်သန်ခြင်းမျိုးဖြင့် လတ်ဆတ်နုပျိုနေမည်ဖြစ်သည့်အပြင် ပစ်တိုင်းထောင်ကဲ့သို့ အစဉ်အမြဲမယိမ်းမယိုင်မားမားမတ်မတ် ရပ်တည်နိုင်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အားကို ပုံအပ်ကိုးစားလျှက် နွေဦးထီ တော်လှန်ရေးအောင်လံကို တလူလူလွှင့်ချီသွားနိုင်မည်ဟု ချွင်းချက်မရှိ သက်ဝင်ယုံကြည်ပါသည်။
နွေဦးထီမိသားစု
အမျိုးသားညီညွတ်ရေးအစိုးရ