ကြေညာချက် ( ၄ / ၂၀၂၂)

အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် အခွန်ထမ်းပြည်သူများက အခွန်ပေးဆောင်ခြင်းအတွက် အခွန်ချလံပုံစံကို အသိပေးကြေညာခြင်း

  1. အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန် ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာမူဝါဒကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။ ယင်းမူဝါဒအတိုင်း စီမံဆောင်ရွက်နိုင်ရေးအတွက် ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ချိတ်ဆက် လုပ်ဆောင်လျက်ရှိပါသည်။
  2. ယနေ့အချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေဒေသများ၌ အခွန်ထမ်း ပြည်သူများ အနေဖြင့် အခွန်ပေးဆောင်ရန် စိတ်အားထက်သန်လျက်ရှိပြီး ကြိုတင်အခွန်များကို ပေးဆောင်လျက်ရှိပါသည်။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန် အကောက် ပေးဆောင်သည့် လုပ်ငန်းရှင်များအတွက် သတ်မှတ် အခွန်ချလံပုံစံများဖြင့် ကောက်ခံလျက် ရှိပါသည်။
  3. အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ထုတ်ပြန်ထားသည့် အဆိုပါ အခွန်ချလံပုံစံနမူနာကို အခွန်ထမ်းပြည်သူများထံ အသိပေး ကြေညာအပ်ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန

Share on facebook
Share
Share on twitter
Share
Share on linkedin
Share